အာရှမှာ အင်မတန်လှပပြီး ဆုရထားတဲ့ ချန်ဂီလေယာဉ်ကွင်း ဖြစ်ပါတယ်။
http://www.changiairport.com/
စင်ကာပူကို အလည်လာပြီး ပြန်တော့မယ်ဆိုရင် ....
၁.သင်ဟာ ကမာလှည့်ခရီးသည်ဆိုရင် စင်ကာပူမှာဆောင်ထားရတဲ့အခွန်ကို ပြန်ပြီး Claim လုပ်လို့ ရပါတယ်။
၂။ သင့်အသိတွေအတွက် လက်ဆောင်ပစွည်းများ ၀ယ်ချင်ပါသလား။ ဒါမှမဟုတ် Duty Free မှာ အရက်၊ ဆေးလိပ်နှင့် ရေမွှေးများဝယ်ဖို့ စိတ်ကူးနေပါသလား။
အပေါ်က အချက်များရှိတယ်ဆိုရင်တော့ တက်နိုင်သလောက် စောစောချက်အင်ဝင်ပြီး လေယာဉ်ကွင်းထဲမှာ အခွန်ကို Refund ပြန်လုပ်ခြင်း၊ ဓတ်ပုံရိုက်ခြင်း၊ ဈေးဝယ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။
၁.ကွင်းဆင်းခြင်း
လေယာဉ်ချိန်ရဲ့ (၂)နာရီအလိုတွင် လေယာဉ်ကွင်းသို့ အရောက်သွားပါ။ သင့်လေယာဉ်စီးချိန်က ညကြီးတစ်ခေါင်ဖြစ်မယ်ဆိုရင် တက်စီကို အရင်ကြိုတင် ဘွတ်ကင်လုပ်ထားပါ။
Departure Terminal က Normal Terminal နှင့် Budget Terminal (၂)ခု ရှိပါသည်။
ချန်ဂီလေယာဉ်ကွင်း၏ ၀က်ဘ်ဆိုဒ်တွင် စုံစမ်းနိုင်ပါသည်။
http://www.changiairport.com/passenger-guide/departure
၂.Check In
ချက်အင် (၅) မျိုး ရှိပါသည်။
သာမာန်ခရီးသည် သာမာန်ချက်အင်ဝင်ခြင်း၊ အုပ်စုလိုက် ခရီးသည်များစုကာ Check In လုပ်ခြင်း၊ Early Check Inလုပ်ခြင်း၊ Off Airport Check In ၀င်ခြင်း၊ အထူးလေယာဉ်လတ်မှတ်ကောင်ဆိုင်သူတို့ အတွက် ချက်အင်ဝင်ခြင်း တို့ ဖြစ်ပါတယ်။
ရိုးရိုးချက်အင် ==>သင်စီးနင်းရမည့် လေယာဉ်ကောင်တာကို သွားရောက် ချက်အင်ဝင်ပါ။ ဒီနေရာတွင် ပစွည်းများ စစ်ဆေးခြင်းခံရမည်။ လေယာဉ်လတ်မှတ်နှင့် ပက်စ်ပို့ ကို ပြရန်လိုအပ်ပါသည်။
Hand Carry လုပ်မည့်ပစွည်းကို ဒီမှာ ယူထားရပါမည်။
အုပ်စုလိုက် ချက်အင်၊ စောစောချက်အင် ==> http://www.changiairport.com/passenger-guide/departure/check-in/early-check-in
Off Airport Check In ==> http://www.changiairport.com/passenger-guide/departure/check-in/off-airport-check-in
သင်ဟာ အထူးခရီးသည်ဆိုလျှင် ချက်အင်ဝင်ပြီး ချန်ဂီလေဆိပ်၏ SAT PREMIER CHECK-IN LOUNGE မှာ အထူးသက်သာစွာ လေယာဉ်ကို စောင့်နိုင်ပါတယ်။ သင်ဟာ 1st Class၊ Business Class လေယာဉ်လတ်မှတ်ကို ၀ယ်ထားပါသလား။ သင်ဟာ Star Alliance Member ဖြစ်ပါသလား။ Royal Orchid Club Member ဖြစ်ပါသလား။ MAI ရဲ့ မင်ဘာဖြစ်ပါသလား။ Millage Credit Cardတွေ ရှိရင်လဲ လေယာဉ်ကွင်းရဲ့ ဆိုင်ရာဆိုင်ရာ Loungeတွေကို သုံးလို့ ရပါတယ်။ Food and Beverageတွေ အထူးရနိုင်ပါတယ်။ အင်တာနက်ကို သူများသုံးပြီးမှ သုံးဖို့ တန်းစီစောင့်ဖို့ မလိုပါဘူး။ ပြီးတော့ Private Lounge ကနေ Immigration ကို တိုက်ရိုက်သွားနိုင်ပါတယ်။
http://www.changiairport.com/passenger-guide/departure/check-in/sats-premier-check-in-lounge
၃. Security Check
နိုင်ငံမှ ထွက်ခွာမည့်လူများ စစ်ဆေးရင် ကောင်တာရှိသော ဟောရှေ့ တွင် လိုက်ပို့ မည့်လူများကို အပြီးနှုတ်ဆက်ကာ၊ အပေါက်ဝတွင်ရှိသော ရဲဝန်ထမ်းကို ပက်စ်ပို့ နှင့် လေယာဉ်လတ်မှတ်ကို ပြရပါမည်။
ထိုလူအနောက်တွင် ပစွည်းများကို စစ်ဆေးသော နေရာရှိကာ ထိုနေရာတွင် ပစွည်းကို စစ်ဆေးပါမည်။
၎. Departure Immigration Check
ကောင်တာ (၂)ခု ရှိပါသည်။ တစ်ခုက MRT စီလျှင် လတ်မှတ်ဖြတ်ရသော စက်ဖြစ်ကာ အော်တို စစ်ဆေးပေးပါသည်။ နောက်တစ်ခုကတော့ ၀န်ထမ်းများဖြစ်ပါသည်။
အော်တိုစစ်ဆေးတဲ့စက်ကတော့ စင်ကာပူလူမျိုးအတွက်ပဲလို့ ၀န်ထမ်းကပြောပါတယ်။ ပက်စ်ပို့ ကို စက်မှာ ကပ်ရပါတယ်။ MRT ကပ်ဒ် လိုမျိုးပါ။ လေယာဉ်လတ်မှတ်ကတော့ ထည့်လိုက်တာလား၊ ကပ်တာလား တစ်ခုခု လုပ်ရပါတယ်။ Immigration ၀န်ထမ်းသို့ မရောက်ခင် ပြသရမည့် ပက်စ်ပို့ ၊ လေယာဉ် လတ်မှတ် တို့ကို အဆင်သင့်လုပ်ထားပါ။
၅. Departure Gate
Immigration ကောင်တာတွင် စစ်ဆေးပြီးလျှင် သင့်လေယာဉ်လတ်မှတ်တွင် ရေးထားသော Departure Gate ကို ကြည့်ပြီး သွားရမည့်နေရာကို အရင်ကြည့်ထားပါ။ မြန်မာ့လေကြောင်းရှိသော ဂိတ်ဆီကတော့ မိနစ်(၂၀)လောက် သွားရပါသည်။
အချိန်ရှိသေးလျှင် လေယာဉ်ကွင်းထဲတွင် ဓတ်ပုံရိုက်ခြင်း၊ ဈေးဝယ်ခြင်း၊ ကော်ဖီသောက်ခြင်း၊ လျှောက်ကြည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။
Tax Refund ကို နောက် Topic တစ်ခုတွင် ရေးပါမည်။
No comments:
Post a Comment