အာရှမှာ အင်မတန်လှပပြီး ဆုရထားတဲ့ ချန်ဂီလေယာဉ်ကွင်း ဖြစ်ပါတယ်။
http://www.changiairport.com/
စင်ကာပူသို့ လာရောက်မည့် ခရီးသည်များ
ခရီးသည်များ ဆိုက်ရောက်တဲ့ နေရာကတော့ ဒုတိယထပ်ဖြစ်ပါတယ်။ Arrival ဆိုင်းဘုတ်အတိုင်း လိုက်သွားပြီး ဓတ်လှေကားကို ဆင်းကာ ပထမက Immigration ကိုရောက်ပါမယ်။
အသင့်ပြင်ထားသော လေယာဉ်ထဲတွင် ဖြည့်ထားသောကဒ်၊ ပက်စ်ပို့၊ လေယာဉ်လတ်မှတ်ကို ပြရန်လိုအပ်ပါတယ်။ ( ပီအာများက လေယာဉ်ထဲတွင်ရသောကဒ်ကို ပြရန်မလိုပါ။ )
Immigration မှထွက်လျှင် ညာဘက်အပေါ်တွင် ဆိုင်းဘုဒ်ရှိပါတယ်။ ထိုဆိုင်းဘုတ်ပြထားသော Baggage Claim (ပထမထပ်) ကို လမ်းလျှောက်သွားပါ။ ထိုဆိုင်းဘုဒ်တွင် သင်စီးလာတဲ့ လေယာဉ်ရဲ့ Baggage Counter No. ကိုလဲ တွေ့ နိုင်ပါသည်။
Baggage Counter မရောက်ခင် ညာဘက်တွင် Duty Free Shop ကိုတွေ့ ရှိနိုင်ပါသည်။ သင့် သေတာများယူပြီးမှ ဈေးဝယ်လဲ ရပါတယ်။ Duty Free Shop တွင် ဆိုင်ဈေးနှုန်းနှင့် မြို့ တွင်းဈေးကို နှိုင်းယှဉ်ပြသထားသောကြောင့် စိတ်ချမ်းချမ်းသာသာ ဈေးဝယ်နိုင်ပါသည်။
ပစည်းများယူ၊ ဈေးဝယ်ပြီးလျှင် အခွန်ကောင်တာ သို့ သွားရမည် ဖြစ်ပါသည်။ သင့်မှာ Claim လုပ်ထားသော စာရွတ်ရှိရင် ပြသရန်လိုအပ်ပါသည်။ အခွန်ကောင်တာတွင် သင့်ပစည်းများအကုန်ကို စစ်ဆေးပါသည်။ သင့်မှာ ပြစရာမရှိလျှင် အစိမ်းရောင် ဆိုင်းဘုဒ်အောက်မှသွားကာ၊ ပြစရာရှိရင် အနီရောင် ဆိုင်းဘုဒ်အောက်မှ သွားရမည့် ဖြစ်ပါသည်။
အားလုံးပြီးလျှင် တော့ သင့်ကိုစောင့်ကြိုနေတဲ့ လူတွေရှိတဲ့နေရာကို သွားရောက်လိုက်ကာ နှုတ်ဆက်လိုက်ပါတော့..
No comments:
Post a Comment